သာယာဝတီမြို့နယ် ကန်သာယာ ကျေးရွာမှာ ရှိတဲ့ Cash for Work စီမံကိန်း လုပ်ငန်းများ ပြီးစီး

Completion of Cash for Work Activities in Kantharyar Village of Thayarwady Monitored by Respective Officials

Bago, SkyNet Media Coverage

ပဲခူးတိုင်း ဒေသကြီး သာယာဝတီမြို့နယ် ကန်သာယာ ကျေးရွာမှာ ရှိတဲ့ Cash for Work စီမံကိန်း ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာတွင်း မြေနီ ကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်း တွေဟာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သာယာဝတီမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နေ သိရပါတယ်။

ကန်သာယာ ကျေးရွာ အရှည် ‌ပေ ၂၂၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ၊ ကျေးရွာတွင်း မြေနီ ကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းဟာ အခု ဘဏ္ဍာနှစ် ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (Covid-19 Economic Relief Plan- CERP) အရ Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အင်ဂျင်နီယာတွေရဲ့ နည်းပညာ အကူအညီနဲ့ ကျေးရွာက ပါဝင် ဆောင်ရွက်နေသူအားလုံးကို လုပ်အားခ အနေနဲ့ အနည်းဆုံးငွေကျပ် ၄၈၀၀ ကနေ အများဆုံးငွေကျပ် ၆၀၀၀ အထိ ဒေသ ပေါက်ဈေးအတိုင်း လုပ်အားခ ပေးချေပြီး ကျေးရွာသူ ကျေးရွာသားတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးနိုင်လင်းထွန်းက ပြောကြားပါတယ်။

အဲလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှုကို သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ ၂ ဒေါ်သီရီ သက်စုနိုင်နဲ့ ဝန်ထမ်းတွေက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့အတူ မြေနီ ကျောက်စရစ်လမ်းခင်းခြင်း ဆောင်ရွက် ထားရှိမှု အခြေအနေတွေကို စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကျေးရွာ ကော်မတီဝင်တွေကို လမ်းရေရှည် တည်တံ့ ခိုင်မြဲစေရေး ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ အငယ်တန်း အင်ဂျင်နီယာ ၂ ဒေါ်သီရိသက်စုနိုင်က မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - ငြိမ်းသူ

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage