မိုင်းပျဉ်းမြို့၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲ နှင့် Cash for Work စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဩဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကျေးရွာ မတည် ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် Cash For Work စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

‌ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးက ကျေးရွာမတည်ရန်ပုံ​ငွေ စီမံကိန်းရည်ရွယ် ချက်မျာ နှင့် ​​ဆောင်ရွက်မည့် နည်းလမ်းများကို ရှင်းလင်း​​ဆွေး​နွေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၆) ရွာအား ( VRFP ) စီမံကိန်းရန်ပုံငွေ ကျပ် သိန်းခြောက်ရာအား သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများထံသို့ အသီးသီးပေးအပ်ပြီး Cash For Work စီမံကိန်း ရရှိသော ကျေးရွာ (၆) ရွာမှ ကျေးရွာတာဝန်ရှိသူများကိုလည်း စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက် အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောအရင်းအနှီးများ ရရှိစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည် ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်ငွေကြေးအရင်းအမြစ်ရရှိရေး ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ် ချက် ဖြင့် ကျေးရွာမတည်ရန်ပုံငွေများ ပေးအပ်ရခြင်းဖြစ်‌ကြောင်း သိရသည်။

ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်းတွင် မတည်ရန်ပုံငွေေ(၃)မျိုးရှိပြီး အိမ်ခြေ (၁၀၁)အိမ်နှင့် အထက်ကို ကျပ်သိန်း(၃၀၀)၊ အိမ်ခြေ(၅၁) အိမ်နှင့် (၁၀၀)အကြားကို ကျပ်သိန်း (၂၀၀)၊ အိမ်ခြေ(၅၀)အောက်ရွာများကို ကျပ်သိန်း (၁၀၀)နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်‌ပြီး စီမံကိန်းပထမနှစ်တွင် ​ငွေကျပ်တစ်ရာအတွက် တစ်လလျှင် အတိုးနှုန်း ၅၀ ပြားနှုန်းဖြင့် ထုတ်​ချေး​ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)

Ministry of Information

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/news/2872