၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တပ်ကုန်းမြို့နယ် အတွင်း ဆောင်ရွက်ခဲ့သည့် Cash for Work စီမံကိန်း (၃၁) ရွာနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ၁၂ရွာတို့၏ ငွေထုတ်ယူသုံးစွဲမှု စာရင်းဇယားများ ပြုစုထားရှိမှု အခြေအနေ ကွင်းဆင်း စစ်ဆေး

Documentation for Cash for Work and Village Revolving Fund Projects in Tatkon Monitored by Respective Officials

Naypyitaw, 24 October 2020, Development News TV

ပြည်ထောင်စု နယ်မြေ နေပြည်တော် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုစုကြည်နှင့် အဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့က တပ်ကုန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် တပ်ကုန်းမြို့နယ် အတွင်း ဆောင်ရွက်ခဲ့သည့် Cash for Work စီမံကိန်း ကျေးရွာ ၃၁ ရွာနှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာ ၁၂ ရွာ၏ ငွေထုတ်ယူ သုံးစွဲမှု စာရင်း ဇယားများ ပြုစု ထားရှိမှု နှင့် စပ်လျဉ်း၍ ကွင်းဆင်း စစ်ဆေးခဲ့ရာ စီမံကိန်းလုပ်ငန်းများအတွက် ငွေထုတ်ယူ သုံးစွဲရာတွင် စီမံကိန်း ၂ ခုအတွက် ငွေစာရင်း ဖွင့်လှစ်ထားခြင်းအတွက် လစဉ် ဘဏ်စာရင်း များ တောင်းခံ၍ စာရင်း လက်ကျန်ငွေများ ကိုက်ညီမှု ရှိမရှိ နှင့် ခွင့်ပြုငွေများ ထုတ်ယူ သုံးစွဲပြီးပါက အသုံးစရိတ် ပြေစာ မူရင်းများနှင့် ဘောက်ချာများအား ခွင့်ပြုငွေ အလိုက် ဖိုင်တွဲထား၍ စနစ် တစ်ကျ ဆောင်ရွက် ထားခြင်း ရှိမရှိ မြို့နယ်မှ ကွင်းဆင်း စစ်ဆေး မှတ်တမ်းများ ပြည့်စုံမှု ရှိမရှိ၊ ကျေးရွာများသို့ ဖြန့်ဝေသည့် စီမံကိန်း ဗီနိုင်း၊ စီမံကိန်း လက်စွဲ စာအုပ်နှင့် ငွေစာရင်း ပုံစံ များ ဖြန့်ဝေခြင်းအတွက် အထောက် အထား များအား သက်ဆိုင်ရာ မူရင်းများနှင့် မှတ်တမ်း ထားရှိခြင်း ရှိမရှိ သက်ဆိုင်ရာ ငွေစာရင်းအလိုက် ငွေစာရင်း ပြုစု ထားရှိမှု ရှိမရှိ အခြေအနေများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့် အညီ စစ်ဆေး မှာကြားခဲ့သည်။

ပြည်ထောင်စု နယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်း မြို့နယ်မှာ နိုင်ငံတော် အစိုးရက ချမှတ်သော CERP အရ ကိုဗစ်-၁၉ ကုစားရေး အစီအစဉ် တစ်ရပ်အဖြစ် ကျေးလက်နေ ပြည်သူများ လူမှု စီးပွားဘဝ ထိခိုက် မှုကို တုန့်ပြန်ဆောင်ရွက်သည့် အနေဖြင့် မြို့နယ်အတွင်းရှိ ဝင်ငွေ နည်းပါးသော ကျေးလက်နေ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးသည့် အတွက် ပုံမှန် ဝင်ငွေ ရရှိပြီး၊ ကျေးရွာများ၏ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းကို ကျေးရွာ ၃၁ ရွာမှာ လည်းကောင်း၊ လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုး မွေးမြူ ထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများ ရရှိစေရန်၊ ရရှိသော ငွေကြေး အရင်းအနှီးဖြင့် မိသားစု ဝင်ငွေ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှာ ပိုင်ဆိုင်သော မတည် ရန်ပုံငွေ ထူထောင်ရေး၊ စဉ်ဆက်မပြတ် ငွေကြေး အရင်းအနှီး ရရှိစေရန်နှင့် ကျေးရွာ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာ ၁၂ ရွာမှာ လည်းကောင်း၊ အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်း လုပ်ငန်းများ အားလုံး စက်တင်ဘာလက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဆက်နိုင်ထွန်းထံမှ သိရပါတယ်။

သတင်း - ဆက်ချစ် (ကျေးလက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/401491367536493