မိုင်းယောင်းမြို့နယ်တွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်း

မိုင်းယောင်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်း၊ လုပ်ငန်းအဆိုပြု ရွေးချယ်ခြင်း၊ အဆိုပြုစီမံကိန်းလုပ်ငန်း ကြည့်ရှုတိုင်းတာခြင်းတို့ကို ဇူလိုင် ၁၁ ရက်က ဝိန်းမိုင်၊ ပါမုန်၊ မုန်းလိုက်၊ ဝမ်ကြိမ်း၊ မိုင်းခွန်နှင့် ဒွန်းကျိုင်းကျေးရွာများ၌ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းထံမှ သိရသည်။

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP)အရ ကျေးလက်ဒေသမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)နှင့် Cash For Work(CFW)စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တာချီလိတ်ခရိုင် အတွင်း VRFP စီမံကိန်း ၁၈ ရွာ၊ CFW ၂၅ ရွာ လျာထားဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများနှင့် ညှိနှိုင်း ရွေးချယ် ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/12/07/2020/id-23601