ဇီးကုန်းမြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများ ကျေးရွာ ၂ ရွာတွင် ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ နဂျီချောင်းကျေးရွာ ရွာတွင်းလမ်း ပြုပြင်ခြင်း၊ ရေနှုတ်မြောင်း ပြုပြင်ခြင်းနဲ့ ဘဲရင်း ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း၊ ကျေးရွာတွင်း လမ်း ဘေး ဝဲယာ‌ ရေနုတ်‌မြောင်း တူး‌ဖော် ခြင်း ဆောင်ရွက်နေမှုကို ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့က ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာက မြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့မွန် (လက်ထောက် ညွှန်ကြားရေးမှူး) နဲ့ Cash For Work စီမံကိန်း တာဝန်ခံ ဝန်ထမ်းတွေက ကွင်းဆင်း ကြည့်ရှု ခဲ့ကြပါတယ်။

အဲဒီ ကျေးရွာ (၂) ရွာမှာရှိတဲ့ ရွာတွင်းလမ်း ပြုပြင်ခြင်းနဲ့ ရေနှုတ်မြောင်း ပြုပြင်ခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၂၀၀) နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာ ပံ့ပိုးပေးပြီး ကျေးရွာသူ ၊ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

 

တင်အောင်မိုးမြင့်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage