နတ်မောက်မြို့နယ် အတွင်းရှိ Cash for Work စီမံကိန်း ဆောင်ရွက် ပြီးစီးသည့် ကျေးရွာများအား ကွင်းဆင်း စစ်ဆေး

နတ်မောက် သြဂုတ် ၂၆

ကိုဗစ်-၁၉ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိပြည်သူများအား ၎င်းတို့ ကျေးရွာ ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည် ရွယ်၍ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်း ဆောင်ရွက် ပြီးစီးသည့် ကျေးရွာများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Cash For Work စီမံကိန်း ဆောင်ရွက်ပြီးစီးသည့် ပိတောက်ငုတ်ကျေးရွာ ရွာလယ် မြေနီလမ်း၊ ကျောင်းကုန်း ကျေးရွာ၊ ဝါးရုံကုန်းကျေးရွာ၊ ချောင်းနက်ကျေးရွာ၊ ညိုသုမျှောင်ကျေးရွာ၊ မကျီးချိုကျေးရွာနှင့် ကြက်သောက်တွင်း ကျေးရွာများအား သောက်ရေ ကန်တူးဖော်ပြီးစီးမှုများကို မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ဇောဟိန်း၊ နတ်မောက်မြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးဝင်းသူရနှင့် ဝန်ထမ်းများမှ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီး သည့် ကျေးရွာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း(နတ်မောက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/6931