မိတ္ထိလာ မြို့နယ် အင်းကျေးရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်း ဒေသကြီး မိတ္ထိလာ ခရိုင် မိတ္ထိလာ မြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အင်းကျေးရွာ အုပ်စု အင်းကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ နဲ့ ကျေးရွာ ပိုင် အသေးစား ဆည်ရေပိုလွဲ ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတွေကို မိတ္ထိလာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ဒေါ်တိုးတိုး ဦးစီးအရာရှိ (နည်းပညာ)၊ နဲ့ ဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များနဲ့အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကျေးရွာများမှာ Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးပြီး၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်ပညာ ပံ့ပိုးပေးကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာလအတွင်း လူမှု စီးပွားဘဝ ထိခိုက် ဆုံးရှုံးမှုများအား လျော့နည်း သက်သာစေရေးနဲ့ ဒေသခံ ပြည်သူများ ဝင်ငွေ ရရှိစေရေး လုပ်အားခ ချက်ချင်းပေးချေတဲ့ စနစ်နဲ့ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

ဟိန်းထက်ကျော်(မလှိုင်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage