ဆောမြို့နယ် လယ်ဆောကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း (စတုတ္တနှစ်စက်ဝန်း) လူထုစစ်ဆေးပွဲ ပြုလုပ်၍ လုပ်ငန်းအတည်ပြု

ကျောက်ထု စက်တင်ဘာလ ၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် လယ်ဆောကျေးရွာတွင် ယမန်နေ့ နံနက်(၈) နာရီခွဲက လူထုဗဟိုပြုစီမံကိန်း (စတုတ္တနှစ်စက်ဝန်း) လူထုစစ်ဆေးပွဲကို ရွာဦး ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်၍ လုပ်ငန်းအတည်ပြုချက် ရယူကြသည်။

လူထုစစ်ဆေးပွဲပြုလုပ်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လယ်ဆောရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် မဟာဓာတ်အားလိုင်းမှ ကျေးရွာတွင်းလိုင်း အိမ်ရှေ့အရောက် မီးလိုင်းသွယ်တန်း ပေးခြင်းအား ထောက်ပံ့ငွေကျပ် နှစ်ဆယ့်လေးသိန်းခုနှစ်သောင်းကျော်ဖြင့် လည်းကောင်း လမ်းဘေးရေ နုတ်မြောင်း တစ်ပေ အကျယ် တစ်ပေအနက် အလျား (၁၇၅၉) ပေအတွက် ထောက်ပံ့ငွေကျပ် တစ်ဆယ့်တစ်သိန်း ငါးသောင်းကျော် ဖြင့်လည်းကောင်း ဆောင်ရွက်သည့် လုပ်ငန်းများ ဖြစ်ကြောင်းနှင့် လက်ထောက်နည်းပညာမှူး ဦးပြည့်ဖြိုးဟန်၊ လူထုစည်းရုံးရေးမှူး ဒေါ်သန်းမြင့် နှင့် ဒေါ်တင်တင်မော်တို့က ကြီးမှူးပြုလုပ် ကြကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)

https://www.moi.gov.mm/iprd/news/11271