မိုင်းခတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း Information Campaign ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) က Covid-19 ရောဂါ ကူးစက်မှု မရှိစေဖို့ အတွက် ရည်ရွယ်ပြီး၊ မိုင်းခတ်မြို့နယ် မြို့မ ဈေးကြီးမှာ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီကနေ ၇ နာရီ အထိ သတင်း ပြန်ကြားဆက်သွယ်ရေးဆိုင်ရာ Information Campaign ကို ကျင်းပ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ Campaign မှာ ဈေးရောင်း ဈေးဝယ်တွေနဲ့ ပြည်သူ လူထုတွေကို Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ ပတ်သတ်ပြီးတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်ဖို့ Covid-19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သတ်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ပေးခြင်း၊ စီမံကိန်းနဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်တွေနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ အသိပညာပေး ပိုစတာတွေ ပြသထားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး၊ အဝတ်စ နှာခေါင်း Mask အခုရေ ၁၀၀၀ ကို ဈေးရောင်းဈေးဝယ်တွေကို တစ်ဦးချင်းစီအလိုက် ဝေငှခြင်းတွေကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင် မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank