မောက်မယ် မြို့နယ် နမ့်လွတ်အုပ်စု ကျေးရွာတွေမှာ လူထုစစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ် မြို့နယ် လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) နှစ် အတွက် ဆောင်ရွက် ပြီးစီးသွားခဲ့တဲ့ နမ့်လွတ် အုတ်စု ကျေးရွာတွေမှာ လူထု စစ်ဆေး ပွဲတွေကို ဇွန်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ လူထုရဲ့ လုပ်ပိုင်ခွင့်နဲ့ ပူးပေါင်း ပါဝင်မှုကို မြှင့်တင်ပေးဖို့ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနဲ့ သက်ရောက်မှုတို့ကို တိုးမြှင့်ပေးဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပြီး၊ Covid-19 ကာကွယ် ထိန်းသိမ်းရေး လမ်းညွှန်ချက်တွေ နဲ့ အညီ တာဝန်ကျ ဝန်ထမ်းတွေက ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေအတွက် ကျေးရွာ လူထုတွေက ကျေနပ်မှု မည်မျှ ရှိမရှိကို ရယူဖို့အတွက် စစ်တမ်း စာရွက်တွေကို လိုက်လံ ဝေငှပေးခဲ့ခြင်း ပြန်လည် ကောက်ယူခြင်းဖြင့် ရရှိလာတဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ် ထွက်ရှိချက်တွေကို ပွင့်လင်း မြင်သာမှု ရှိစေဖို့ ရည်ရွယ်ပြီး၊ လော် စပီကာနဲ့ ဆော်ပေးခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်တွေမှာ ကပ်ထားပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။

လူထုစစ်ဆေးပွဲများကို နမ့်လွတ်ကျေးရွာအုပ်စုအတွင်းရှိ ဖာဟင်ကျေးရွာ၊ ကွန်ခံကျေးရွာ၊ ဝမ်နားကျေးရွာ၊ ကဒူးလေးကျေးရွာ၊ ဟိုနောင်ကျေးရွာနှင့် နားလော့ကျေးရွာတွင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ယခုဒုတိယနှစ်စက်ဝန်း အတွက် နမ့်လွတ်ကျေးရွာအုပ်စုတွင် ကျောက်ချောလမ်းလုပ်ငန်း၊ ကွန်ကရစ်လမ်းလုပ်ငန်းနှင့် ကျောက်ကြမ်းလမ်း လုပ်ငန်းများကို ထောက်ပံ့ရံပုံငွေ သိန်း (၄၀၀) နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး ကြောင်း သိရပါတယ်။

သတင်း - တင်အောင် မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank