ပေါက်မြို့နယ် တန်ဇူးကျေးရွာ ကျေးရွာတွင်း မြေနီလမ်းခင်း

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ တန်ဇူး ကျေးရွာအုပ်စု၊ တန်ဇူးကျေးရွာ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ဇွန်လ ၅ ရက်နေ့မှာ တာဝန်ရှိသူတွေက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျား-မ ရေးရာ အချိုးညီစွာ ပူးပေါင်း ဆောင်ရွက်ကြဖို့ နဲ့ လူထုဗဟိုပြု စီမံကိန်း တိုင်း Infra ဦးကျော်သာဖြူ၊ လူထု စည်းရုံးရေးမှူး ဦးအောင်ဇော်မိုးတို့က လုပ်ငန်းကော်မတီတွေနဲ့ တွေ့ဆုံ ပြီးတော့ လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ရာမှာ လိုအပ်တဲ့ နည်းပညာ တွေကို လုပ်ဆောင်နိုင်ဖို့ လမ်းညွှန် မှာကြားခဲ့ပါတယ်။

အဲဒီ ကျေးရွာ ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းမှာ မြေနီလမ်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank