ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နဲ့ ဆိပ်ဖြူ မြို့နယ်တို့မှ ကျေးရွာပေါင်း ၅၄ ရွာတို့ရှိ Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေနဲ့ ပခုက္ကူခရိုင် မြိုင်မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ မြေနီ ကျောက်စရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူတွေ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးကြပါတယ်။

ပခုက္ကူခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ငွေနဲ့ ဝန်ထမ်းတွေဟာ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီနဲ့ လုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ မြိုင်မြို့နယ် ငါးဝင်းကျေးရွာ၊ ထနောင်းဝင်းကျေးရွာ၊ မင်းသားကျ (မြောက်) ကျေးရွာ၊ ဇီးဖြူပင် ကျေးရွာတို့မှာ မြေနီ ကျောက်စရစ်ခင်းတဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးရာမှာ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်မင်းထွန်းနဲ့ ဝန်ထမ်းတွေ ကျေးရွာ ကော်မတီဝင်တွေက စီမံကိန်း ဆိုင်ရာ ဆောင်ရွက်မှုတွေ စာရင်း ဇယား အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ Cash for Work စီမံကိန်း ရန်ပုံငွေ သိန်း ၁၀၀ စီနဲ့ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိတဲ့ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နဲ့ ဆိပ်ဖြူ မြို့နယ် ကျေးရွာပေါင်း ၅၄ ရွာတို့မှာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။

သတင်း - ဆလိုင်း ကိုကီး (M.A)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage