တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် တစ်ရပ်အဖြစ် Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၁၃

ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် နိုင်ငံတော်က ချမှတ်ထားသော COVID-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash for Work စီမံချက်နှင့် ကျေးရွာ လည်ပတ် ရန်ပုံငွေ စီမံချက် ( Village Revolving Fund Project) များ ပြုလုပ်လျက်ရှိရာ နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ တပ်ကုန်းမြို့နယ် ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်းနှင့် အတူ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်အိမ့်ကျော့မှူး၊ ဦးစီးအရာရှိ ဒေါ်အောင်အောင်မိုး၊ ဒုတိယဦးစီးမှူး ဦးသိန်းဇော်နှင့် တပ်ကုန်းမြို့နယ် ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မေဖြိုးစံတို့အဖွဲ့သည် ဇွန်လိုင်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အိုင့်ကျယ်​ကျေးရွာအုပ်စု၊ ဘုတ်တောင် ကျေးရွာတွင် Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနှင့် ​ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားများကို ​ဆောင်ရွက် ခဲ့ပြီး၊ ​ကျေးရွာ​ကော်မတီ၀င်(၇) ဦး ကို ​ကျေးရွာလူထုဆန္ဒ သ​ဘောဖြင့်​ ရွေးချယ်ပေးခဲ့ပါသည်။

#CFW

#CERP

#DRD

#MOALI