ပေါက်ခေါင်းမြို့နယ်မှာ Cash for Work စီမံကိန်း လုပ်ငန်း ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှာ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ တောင်ကန်ကလေး ကျေးရွာနဲ့ ညောင်ပင်တက် ကျေးရွာတွေမှာ ရွာတွင်းလမ်း မြေနီ ခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းတွေဟာ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီး အောင်မြင် ခဲ့တာကြောင့် ပြည်ခရိုင် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းထိုက်ဦး ဦးဆောင်တဲ့ အဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့ မှာ ကွင်းဆင်း ကြည့်ရှု့ခဲ့ပြီး M & E စစ်ဆေးခဲ့ပါတယ်။

အဲဒီ မြေနီလမ်းကို အဓွန့်ရှည်စွာ ထိန်းသိမ်း စောင့်ရှောက်ရတာက မိမိတို့ ကျေးရွာသူ ကျေးရွာသားတွေရဲ့ တာဝန် ဖြစ်တယ်လို့ ခရိုင် ဦးစီးမှူးက ပြောကြားခဲ့ပါတယ်။

Cash for Work စီမံကိန်းဟာ နိုင်ငံတော်ရဲ့ မတည်ရန်ပုံငွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်ပြီး၊ ကျေးလက်နေ ပြည်သူတွေ ကိုဗစ် ကာလ အတွင်းမှာ ဝင်ငွေ ရရှိအောင် တစ်ဖက် တစ်လမ်းကနေ အကောင်အထည်ဖော်ပေးတဲ့ စီမံကိန်း တစ်ခု ဖြစ်ပါတယ်။

သတင်း - ခင်မောင်ဝင်း (ပေါက်ခေါင်း ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage