Cash for Work စီမံကိန်းဖြင့် ရေပေးမြောင်းများ သဲနှုန်းများ တူဖော်ခြင်းလုပ်ငန်းများဆောင်ရွက်

တံတားဦး စက်တင်ဘာ ၁၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူများ ကိုယ်တိုင်ဆောင်ရွက်သည့် Cash For Work စီမံကိန်းဖြင့် ရေပေးမြောင်းများ သဲနှုန်းများ တူးဖော်ခြင်းအတွက် လုပ်အားခများကို ယနေ့နံနက်(၁၀)နာရီခန့်က Dy-31 ရှိသက်ဆိုင်ရာ တီစီမြောင်းများအနီး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်အားခများထုတ်ပေးရာတွင် တံတားဦးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြတ်သူနှင့် ဝန်ထမ်းများက ရေအသုံးချသူများအဖွဲ့ ခေါင်းဆောင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက် နေစဉ်အတွင်း ဒေသခံများအလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရန် ထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးစိုးမြတ်သူထံမှ သိရသည်။

တံတားဦးမြို့နယ်တွင် ကင်းတားလက်ဝဲမြောင်း Dy-31 ရှိ တီစီမြောင်း(၅)ခု၏ လုပ်ငန်း ပမာဏမှာ (၂၆၃ ဒသမ ၂၅) ကျင်း ၊ ကုန်ကျငွေကျပ် (၃ ဒသမ ၁၅၉) သန်းဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ပျိုးရန် အတွက် လျာထားဧက (၃၅၀)ရှိပြီး၊ ယခုအခါ လျာထားဧကအားလုံး စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/10629