ရွှေကူမြို့နယ်၌ Cash for Work စီမံကိန်းဖြင့် ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

ရွှေကူ သြဂုတ် ၁၁

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာများရှိ အိမ်ထောင်စုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

Cash For Work စီမံကိန်းလုပ်ငန်းများအား ကိုဗစ်−၁၉ရောဂါ အကျိုးသက်ရောက်ခဲ့သည့် ရွှေကူမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး စီမံကိန်းကျေးရွာ ၁ ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာပေါင်း ၁၀ ရွာတွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရွှေကူမြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအနေဖြင့် ပန်းတင်၊ လမ်းကူး၊ မြိုင်သာ၊ စင်းဖုတ်၊ ခေါလဲ၊ တာလီ၊ ငါးဘက်ကြီး၊ ငါးဘက်ဝ၊ မြိုင်သာယာ၊ ဟင်းအွန် ကျေးရွာများတွင် လုပ်ငန်းခွဲ ၁၅ မျိုးကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3603