မိုင်းပျဉ်းမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်

မိုင်းပျဉ်း စက်တင်ဘာလ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာ တွင် အကောင်ထည်ဖေါ် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀) စီဖြင့် မိုင်းပျဉ်းမြို့နယ်အတွင်း ကျေးရွာ(၆)ရွာတို့တွင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေပိုက်လိုင်း သွယ်တန်းခြင်း(၃)ခု၊ မြေသားလမ်းပြုပြင်ခြင်း(၄)ခု၊ ​ရေနုတ်မြောင်း တူးဖော်ခြင်း(၂)ခု၊ ဂါလံ(၅၀၀၀)ဆံ့ ရေကန် တည်ဆောက်ခြင်း (၁)ခုစသည့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း (၁၀) ခုတို့အား ရာနှုန်းပြည့်ပြီးစီး အောင်မြင်ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျင်ဖိုက်က ပြောသည်။

Cash For Work စီမံကိန်းသည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့ နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များရွေးချယ်ကာ ချက်ချင်းလုပ်အားခ ပေးချေမှု စနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ(၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးပြီးဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးများမှ ထွက်ရှိလာသည့် ထုတ်ကုန်၊ ထွက်ကုန်များကို စျေးကွက် အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူသယ်ယူပို့ ဆောင်နိုင်ခြင်း၊ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ခြင်းစသည့် ကျေးလက်ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုး ဖြစ် ထွန်း မည်ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/10937