Tuesday, 21 July 2020
နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီး မြို့နယ် အတွင်းမှာ ကျေးရွာ ၁၃ ရွာမှာဆိုရင် Cash For Work စီမံကိန်း ဆောင်ရွက်နေတဲ့ အကြောင်းကို တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီး မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ ၁၃ ရွာမှာ Cash for Work စီမံကိန်း ဆောင်ရွက်မယ့် ကျေးရွာတွေကို စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း လေရှီးမြို့နယ် ကျေးလက်ဒေ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးခေါင်ပွတ်ထံမှ သိရပါတယ်။
Cash for Work စီမံကိန်း ဆောင်ရွက်မယ့် ကျေးရွာတွေမှာ ကျေးရွာ တစ်ရွာကို ခွင့်ပြုငွေကျပ် သိန်း ၁၀၀ နဲ့ ဆောင်ရွက် မှာ ဖြစ်ပြီးတော့ ကျေးရွာ ၁၃ ရွာမှာ အိမ်ခြေ ၇၁၃ အိမ်၊ လူဦးရေ ၃၇၆၆ ဦးတို့ကို အကျိုးပြုမှာ ဖြစ်ကြောင်းလဲ သိရပါတယ်။
လေရှီးမြို့နယ်မှာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း မရှိကြောင်း Cash for Work စီမံကိန်း တစ်ခုသာ ရှိပြီးတော့ စီမံကိန်း ဟာ ဆိုရင် ကိုဗစ်-၁၉ ရေဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရတဲ့ ကျေးလက် ဒေသတွေရှိ ပြည်သူတွေ ဒီကျေးရွာတွေမှာ ရှိတဲ့ ကုန်ထုတ်လမ်းတွေနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြည်သူ ကိုယ်တိုင် ဆောင်ရွက်စေပြီးတော့ လုပ်အားခ ပေးချေခြင်း စနစ်နဲ့ ကျေးလက်နေ ပြည်သူတွေ ဝင်ငွေ ရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။