စေတုတ္တရာ မြို့နယ် ကျေးရွာ ၈ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီး

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် စေတုတ္တရာ မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ ၈ ရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ စီကို အသုံးပြုပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဝင်ငွေ နည်းပါးလျက် ရှိတဲ့ ကျေးလက်နေ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေ ရရှိကာ ကျေးရွာရဲ့ ကုန်ထုတ်လုပ်ငန်းတွေနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက် နိုင်စေဖို့ ရည်ရွယ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရတာ ဖြစ်ကြောင်း စေတုတ္တရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ပြောကြားပါတယ်။

 

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage