မင်းလှမြို့နယ်ရှိ ကျေးရွာ ၈ ရွာမှာ Cash for Work စီမံကိန်း ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်ရှိ ကျေးရွာ ၈ ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇွန်လိုင်လ ဒုတိယ အပတ်က စတင်ဆောင်ရွက်ခဲ့ရာ သဖန်းကိုင်းကျေးရွာမှာ မြေနီ ကျောက်စရစ် ခင်းခြင်း နဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း ဘန့်ပြင် ကျေးရွာမှာ ကျောက်စီရေမြောင်း တူးဖော်ခြင်း၊ ရေနုတ်မြောင်းနဲ့ ရေပြွန်ထည့်ခြင်း၊ သက္ကယ်မြှောင် ကျေးရွာမှာ ကျောက်ရောမြေခင်းခြင်းနဲ့ ရေနုတ်မြောင်းတူးဖော်ခြင်း တဲကြီးကုန်း ကျေးရွာမှာ မြေသားရေကန် တူးဖော်ခြင်း၊ ရေကျော် ကျေးရွာမှာ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ ရေပြွန်ထည့်ခြင်း၊ ကျောက်လက်ခတ် ကျေးရွာမှာ မြေနီ ကျောက်စရစ်ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း၊ မြောင်လယ် ကျေးရွာမှာ မြေနီ ကျောက်စရစ် ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ကွန်းသွန်းကျေးရွာမှာ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း မင်းလှ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပါတယ်။

ကျေးရွာ တစ်ရွာကို Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ စီနဲ့ ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေဖို့နဲ့ တစ်နေ့ လုပ်အားခငွေ ကျပ် ၄၈၀၀ ကျနေ ၆၀၀၀ ကျပ် အထိ ချက်ချင်းငွေပေးချေ စနစ်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ထံမှ သိရပါတယ်။

သတင်း - ငြိမ်းသူ

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage