ညောင်ရွှေမြို့နယ် Cash for Work စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ညောင်ရွှေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ပံ့ပိုးငွေနဲ့ လက်မောင်းကွေး ကျေးရွာအုပ်စု ဝါးကြီးမြောင် ကျေးရွာမှာ ရွာအဝင်လမ်း ပြုပြင်ခြင်းနဲ့ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေမှု အခြေအနေများကို စက်တင်ဘာလ ဒုတိယ အပတ်က ညောင်ရွှေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ နည်းပညာ ဒေါ် သာသာရီနဲ့ ဝန်ထမ်းများက ကျေးရွာ စီမံကိန်း ကော်မတီဝင်များနှင့် အတူ ကြည့်ရှု့ စစ်ဆေးပြီး၊ လုပ်ငန်းများ ရေရှည်တည်တံ့စေရန် စဉ်ဆက်မပြတ် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြစေရန် အကြံပြု ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ ရွာအဝင်းလမ်း ပြုပြင်ခြင်းနဲ့ ရေမြောင်းတူးဖော်ခြင်းမှာ အရှည်ပေ ၆၂၈၀၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မကို Cash for Work စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးလက်နေ ပြည်သူတွေ ကိုဗစ်-၁၉ ကာလ အတွင်း လူမှု စီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နဲ့ ဝင်ငွေ ရရှိစေဖို့အတွက် ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး လုပ်အားခ ချက်ချင်း ပေးချေခြင်း စနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ညောင်ရွှေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းထိုက်ထံက သိရပါတယ်။

 

သတင်း - မောင်ခိုင် (ကျေးသီး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage