နိုင်ငံတော်မှ COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ပေး

Tuesday, August 11, 2020

 

နိုင်ငံတော်မှ COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်းတွေ ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ဩဂုတ်လ ၉ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်ရှိ ကျေးရွာများနဲ့ ပွင့်ဖြူ မြို့နယ် ရှိကျေးရွာတို့မှာ Cash for Work စီမံကိန်းဖြင့် မြေနီ ကျောက်စရစ် ခင်းခြင်း လုပ်ငန်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းနဲ့ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိသူတွေက ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

အလားတူ ဧရာဝတီတိုင်း ဒေသကြီး မအူပင် ခရိုင် ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာအုပ်စု၊ တောဆယ်ကျေးရွာမှာ Cash for Work စီမံကိန်း ရန်ပုံငွေနဲ့ ကျေးရွာလမ်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်နေမှု တွေကို လည်း စစ်ဆေးခဲ့ပါတယ်။

အလားတူ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကရင် ပြည်နယ် သံတောင်ကြီး မြို့နယ်မှာ ဆောင်ရွက်နေတဲ့ စီပင်ကလေး ကျေးရွာအုပ်စု၊ ဆူးပုတ်မြောင် ကျေးရွာ လမ်းပြုပြင် ဆောင်ရွက်နေမှုတွေကို မြို့နယ် ဦးစီးမှူးနဲ့ ဝန်ထမ်းတွေက သွားရောက် ကြည့်ရှု့ စစ်ဆေး ခဲ့ပါတယ်။

Cash for Work စီမံကိန်းအရ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့ ကျေးရွာနေ လုပ်သား ၄၈၀ ကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ်၊ မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်၊ ရခိုင်ပြည်နယ် မောင်တော မြို့နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီး ငပုတော မြို့နယ်တို့မှာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေ လွဲပြောင်း ပေးအပ်ပွတွေကိုလည်း ကျင်းပ ခဲ့ပါတယ်။

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ်နဲ့ မကွေးခရိုင် နတ်မောက်မြို့နယ် မှာလည်း ကျေးရွာတွင်းလမ်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

အဆိုပါ ရန်ပုံငွေကြောင့် နိုင်ငံတော်ရဲ့ COVID-19 စီးပွားရေး ထိခိုက်မှု သက်သာစေရေး အစီအစဉ်ကို အထောက်အကူ ပြုနိုင်ခြင်း၊ ရရှိလာတဲ့ငွေကြေးနဲ့ စီးပွား‌ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံနိုင်တဲ့အတွက် လုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ခြင်း၊ အသေးစား အငယ်စား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နည်းပညာများ ရရှိလာခြင်း၊ မိသားစု ဝင်ငွေ တိုးပွားခြင်း စတဲ့ အကျိုးကျေးဇူးတွေကို စီမံကိန်းမှာ ပါဝင်တဲ့ ကျေးရွာတွေ အနေနဲ့ ရရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - NRC Bureau/ တိုင်း ဒေသကြီး နှင့် ပြည်နယ် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

 

https://www.mrtv.gov.mm/mm/news-84401