ရေနံချောင်း မြို့နယ် ကျေးရွာပေါင်း ၁၀ ရွာတွင် Cash for Work စီမံကိန်းဖြင့် မြေသားရေကန်များ ပြုပြင်မှု ဆောင်ရွက် ပြီးစီး

Water Pond Upgrading Activities under Cash for Work Project Completed in 10 Villages of Yaynangchaung

Magway, SkyNet Media Coverage

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် ရေနံချောင်း မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာမှာ ကိုဗစ်-၁၉ ကာလ အရေးပေါ် တုန့်ပြန်ရေး အစီအစဉ် တစ်ခုအဖြစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း နဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိရာမှာ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီး စီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်မှာ ရေနံချောင်း မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း တစ်ထောင်နဲ့ မြေသား ရေကန် ပြုပြင်ခြင်း လုပ်ငန်း ၁၀ ခုကို ကျေးရွာ ပြည်သူတွေ ဝင်ရောက်လုပ်ကိုင်ပြီး လုပ်အားခ ပေးချေခြင်း စနစ်နဲ့ သက်ဆိုင်ရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဌာနရဲ့ ကြီးကြပ်မှုနဲ့ ဇူလိုင်လ စတုတ္ထပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ အခုအခါမှာ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဇော်လင်းနိုင်က ပြောကြားပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage