လယ်ဝေးမြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏခရိုင် လယ်ဝေး‌မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို နေပြည်တော်တိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဌေးဝင်းနဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် အတွင်းမှာ Covid-19 Economic Relief Plan (CERP) အရ ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းအရ မဒေါ့ပင် အုပ်စု ကြိမ်ဖန် ကျေးရွာ ကုန်ထုတ်လမ်းနဲ့ ရေကျော်လမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို စစ်ဆေးရာမှာ ခရိုင် ဦးစီးမှူး၊ ဦးမျိုးတင့်နဲ့ တာဝန်ကျ ဝန်ထမ်းတွေက စီမံကိန်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

တင်ပြချက်တွေ အပေါ် ကျေးရွာ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စီမံကိန်း လမ်းညွှန်ချက်တွေ အတိုင်း ဆောင်ရွက်ကြဖို့နဲ့ အရည်အသွေး ပြည့်မှီရေး၊ သတ်မှတ်ချိန်အတွင်း အချိန်မှီ ပြီးစီးရေး၊ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။

အဲဒီ စီမံကိန်း ကျေးရွာဟာ လယ်ဝေးမြို့နယ် နဲ့ ဆယ်မိုင်ခန့် ကွာဝေးပြီး၊ အိမ်ခြေ ၁၂၉ အိမ်နဲ့ လူဦးရေ ၅၅၁ ဦး နေထိုင်လျက် ရှိပြီး၊ မိုးရေသောက် တောင်ယာ စပါး အဓိက စိုက်ပျိုး လျက် ရှိပါတယ်။

သတင်း - သွင်ထူးအောင်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage