မကွေးမြို့နယ် ကျွန်းပြတ်ကျေးရွာ Cash for Work စီမိံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

မကွေးခရိုင် မကွေးမြို့နယ် အတွင်း Cash for Work စီမိံကိန်းနဲ့ ကျွန်းပြတ်ကျေးရွာမှာ အရှည်ပေ ၃၅၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ရှိတဲ့ ကျေးရွာတွင်းလမ်း မြေနီ ကျောက်စရစ်ခင်းခြင်း ဆောင်ရွက်နေမှုကို ဩဂုတ်လ ၃၁ ရက်နေ့ မနက်က မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ QCWT အဖွဲ့ဝင်တွေက မကွေးမြို့နယ် ဦးစီးမှူး စီမံကိန်းတာဝန်ခံ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်း ကြည့်ရှု့ကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကျေးရွာ မြေနီ ကျောက်စရစ် ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ အသုံးပြုသွားပြီး၊ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာလအတွင်း လူမှု စီးပွားဘဝ ထိခိုက် ဆုံးရှုံးမှုများကို လျော့နည်း သက်သာစေရေးနဲ့ ဒေသခံ ပြည်သူများ ဝင်ငွေ ရရှိစေရေး လုပ်အားခ ချက်ချင်း ပေးချေတဲ့ စနစ်နဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်စိုးထံက သိရပါတယ်။

သတင်း - စုနန္ဒာ (မကွေး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage