စလင်း မြို့နယ်အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်း မြို့နယ်အတွင်း Cash for Work စီမံကိန်းနဲ့ ကျေးရွာ ပေါင်း ၁၄ ရွာမှာ ကျေးရွာတွင်း မြေနီ ကျောက်စရစ်လမ်းခင်းခြင်း၊ လမ်းဘေး ဝဲယာ ရေနုတ်မြောင်း တူးခြင်းနဲ့ မြေကာ နံရံ တည်ဆောက်ခြင်း၊ ကျောက်စီ ရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာလ ၃ ရက်နေ့ မနက်က မင်းဘူး ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးတင့်လွင်ဦး ဦးဆောင်တဲ့ အဖွဲ့ဟာ အဖွဲ့ သုံးဖွဲ့ခွဲပြီးတော့ စလင်းမြို့နယ် ဦးစီးမှူး ဦးစိုးခိုင်နဲ့ ဝန်ထမ်း တွေ လိုက်ပါလျက် ကျေးရွာ ကော်မတီဝင်တွေ နဲ့ အတူ စီမံကိန်း လုပ်ငန်းခွင် မြေပြင်မှာ ဆောင်ရွက် ထားရှိရာမှာ သတ်မှတ် အတိုင်းအတာ ပြည့်မှီခြင်း ရှိမရှိ စာရင်း ဇယားတွေ စုံလင်အောင် ဖြည့်သွင်း ထားရှိမှုတို့ကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ခဲ့ပါတယ်။

အဲဒီလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီ အသုံးပြုပြီး၊ ကျေးလက်နေ ပြည်သူတွေ အလုပ်အကိုင် ဝင်ငွေ ရရှိစေဖို့ လုပ်အားခ ပေးချေတဲ့ စနစ်နဲ့ ကျေးရွာ ပြည်သူတွေက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage