စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာတွင် CASH FOR WORK အစီအစဉ်ဖြင့် ကျေးရွာကုန်ထုတ်လမ်းနှင့် ရေဆိုးထုတ်မြောင်း တူးဖော်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ချောင်းဦး စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကျေးလက်ဒေသေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး နှင့် အဖွဲ့၀င်များ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုး၀င်းနှင့် ၀န်ထမ်းများသည် ယမန်နေ့ (၁၁)နာရီ အချိန်က ရွှေလှေကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဂျင်းခင်းခြင်းနှင့် ရေဆိုးထုတ်မြောင်း တူးဖော်ပြီးစီးမှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မုံရွာခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒသေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုး၀င်းနှင့် ၀န်ထမ်းများကို ရွှေလှေ ကျေးရွာတွင် CASH FOR WORK အစီအစဉ်ဖြင့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်သော ကျေးလက် ကုန်ထုတ်လမ်း ဂျင်းခင်းခြင်းနှင့် ရေဆိုးထုတ်မြောင်းအား ကော်မတီ၀င်များက လိုက်လံ ရှင်းလင်းပြသခဲ့သည်။

ရွှေေလှေကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်ပေ ( ၂၄၅၀) ၊ အကျယ် ( ၁၀) ပေ၊ ထုထည် (၉) လက်မ၊ ဂျင်းခင်းခြင်းနှင့် ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းအတွက် CASH FOR WORK အစီအစဉ်ဖြင့် ငွေကျပ်သိန်း ၁၀၀ အကုန်အကျခံခဲ့ကြောင်းသိရသည်။ ဂျင်းမြေသားတန်ဖိုး သိန်း ၄၀ နှင့် သိန်း ၆၀ အား ပြည်သူများကိုယ်တိုင် ပါ၀င်လုပ်ကိုင်စေ၍ လုပ်အားခငွေအဖြစ် ပြန်လည်ပေးချေခဲ့သည်။ ကိုဗစ်-၁၉ ကာလ ပြည်သူများ အထောက်အကူရစေရန် ရည်ရွယ်၍ ကျေးရွာပြည်သူများ အကျိုးရှိစေမည့်လုပ်ငန်းအား ကိုယ်တိုင်လုပ်ကိုင် စေပြီး လုပ်အားခအဖြစ် ကိုယ်တိုင်ပြန်ခံစားစေသည့် CASH FOR WORK အစီအစဉ်ကြောင့် ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာပြီး၊ စား၀တ်နေရေး ပြေလည်လာ ကြောင်း သိရသည်။

ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး က ယခုခင်းထားသောလမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်း ပေးကြရန်မှာကြားခဲ့သည်။ ချောင်းဦးမြို့နယ်တွင် CASH FOR WORK အစီအစဉ်ဖြင့် ကျေးရွာ ၆ ရွာ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုး၀င်း ထံမှ သိရှိရပါသည်။

၀င်းမြင့်အောင် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/8975