ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Cash for Work စီမံကိန်း လုပ်ငန်းများကြောင့် ကျေးရွာနေ ပြည်သူများ အလုပ်ကိုင် အခွင့်လမ်းများ ရရှိကာ ဝမ်းတွင်း မြို့နယ်တွင် ပြည်သူ နှစ်သောင်းကျော် အကျိုးကျေးဇူးများ ဖြစ်ထွန်း

Cash for Work Project Activities Benefitting over 20,000 workers in Wundwin

Mandalay, 24 September 2020, Ministry of Information

ဝမ်းတွင်း စက်တင်ဘာ ၂၄

မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Cash for Work (CFW) စီမံကိန်း လုပ်ငန်းများကြောင့် ကျေးရွာနေ ပြည်သူများ အလုပ်ကိုင် အခွင့်လမ်း များရရှိကာ မိသားစုဘဝများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် (CFW) စီမံကိန်း လုပ်ငန်းများ အနေဖြင့် ကျေးရွာ (၁၃) ရွာ အနက် (၁၁) ရွာတွင် ရွာတွင်းလမ်း ဘေးဝဲယာ ရေနုတ်မြောင်း (၂၉၀၀) ပေ တူးဖော်ခြင်း၊ ဂျင်းမြေ (၆) လက်မထုခင်းခြင်း၊ ကျေးရွာ တစ်ရွာတွင် ရွာတွင်းရေနုတ်မြောင်း (၁၉၅၀) ပေတူးဖော်ခြင်း၊ ဂျင်းမြေ (၆) လက်မ ထုခင်းခြင်းနှင့် အမှိုက်ကန်များ တူးဖော်ခြင်း၊ ကျန်ကျေးရွာ တစ်ရွာတွင် မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ကျေးရွာများရှိ အိမ်ထောင်စုပေါင်း (၁၈၁၃) စုတွင် အလုပ်အကိုင် အခွင့်လမ်းများရရှိကာ မိသားစုဘဝများ အဆင်ပြေလျက်ရှိပြီး စီမံကိန်း လုပ်ငန်းများကြောင့် ကျေးလက်နေ ပြည်သူ နှစ်သောင်းကျော်တို့တွင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း မိသားစုများဝင်ငွေများ ရရှိကာ စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာလ အတွင်း စီပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERF) အရ ကျေးလက်နေ ပြည်သူများ၏ မိသားစု ဝင်ငွေ/စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် (CFW) စီမံကိန်း (၁၃)ရွာ၊ VRFPစီမံကိန်း Type-1(၆)ရွာ၊ Type-2 (၄)ရွာ၊ စုစုပေါင်း (၁၀) ရွာတို့အား အောင်မြင်စွာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)

မန္တလေးတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12725