ပေါက် မြို့နယ် အင်းယာကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ပြီးစီးမှု လူထုစစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ လူထု ထည့်ဝင်ငွေတွေနဲ့ ဆောက်လုပ် ပြီးစီး အောင်မြင်ခဲ့တဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက် ပြီးစီးမှု အောင်ပွဲ၊ လူထု စစ်ဆေးပွဲကို ပေါက်မြို့နယ် ကမ်းပြို ကျေးရွာ အုပ်စု၊ အင်းယာ ကျေးရွာမှာ စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ရာ လူထုဗဟိုပြု စီမံကိန်းမှ အဖွဲ့‌ ခေါင်းဆောင် ဦးသိန်း‌ဇော်၊ နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း‌ နဲ့ တာဝန်ရှိသူတွေက လူထု စစ်ဆေးပွဲ ပြုလုပ်ရခြင်းနဲ့ ပတ်သတ်ပြီး၊ သတ်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။

လူထုရဲ့ လုပ်ပိုင်ခွင့်နဲ့ ပူးပေါင်း ပါဝင်မှုကို မြှင့်တင်ပေးဖို့ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနဲ့ သက်ရောက်မှုတို့ကို တိုးမြှင့်ပေးဖို့ ကျေးရွာ စီမံခန့်ခွဲမှု အဖွဲ့တွေ အနေနဲ့ ကျေးရွာ လူထု အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု သေချာစေဖို့နဲ့ ကျေးရွာလူထုက မိမိရဲ့ ထင်မြင်ယူဆချက်တွေကို ပိုမို ထုတ်ဖော် ပြောဆိုလာပြီး၊ ဝေဖန် အကြံပြု ချက်တွေကို လိုအပ်ရင် ဖြေရှင်းဖို့ ပြုလုပ်ရတာ ဖြစ်ပြီး၊ ဆောင်ရွက် ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေ အတွက် ကျေးရွာလူထုတွေက စိတ်ကျေနပ်မှု ဘယ်လောက် ရှိမရှိ ကို ရယူဖို့ အတွက် စာရွက် စာတမ်းတွေကို ဖြန့်ဝေပေးတာ ပြန်လည် ကောက်ယူတာ ရရှိလာတဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ် ထွက်ရှိချက်တွေကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ အတွက် အစည်းအဝေးပွဲမှာ ချပြတာ ကြော်ငြာ ဆိုင်းဘုတ်တွေမှာ ကပ်ထားပေးတာတွေ ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်) ၊ မျိုးဝင်းထွန်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank