တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း နည်းပညာ ဆွေးနွေးပွဲ ပြုလုပ်

Technical Discussions Held for NCDDP’s Sub-project Activities in Tongzang

Chin, 6 December 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ဝန်ထမ်းအားလုံး စုံညီ အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေး စတင်ချိန်မှ တွန်းဇံ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးနန်ဒိုးဆူမ်းမန်းက အဖွင့် အမှာ စကားပြောကြားခဲ့ပြီး၊ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းက အရင်နှစ်တွေက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း တွေရဲ့ အားနည်းချက် အားသာချက်တွေကို ချပြ ဆွေးနွေးခဲ့ကာ ဝန်ထမ်းတွေက ပြန်လည် ဆွေးနွေးခဲ့ကြ ပါတယ်။

အဲဒီနောက် ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စောင့်ကြည့် ကြီးကြပ်ရေး၊ ဝေဖန် အကြံပြု တိုင်ကြား ဖြေရှင်းရေး စတဲ့ သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ ရှိတဲ့ နည်းပညာ အကြံပေး ဆရာ၊ ဆရာမတွေက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး၊ ဝန်ထမ်းတွေက အပြန်အလှန် ဆွေးနွေး အကြံပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် ဦးစီးမှူးနဲ့ ဝန်ထမ်းတွေက လူထု ဗဟိုပြု စီမံကိန်း က နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင်နဲ့ နည်းပညာ အကြံပေးတွေ၊ လူထု စည်းရုံးရေးမှူးတွေ၊ လက်ထောက် နည်းပညာ မှူးတွေ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage