မောက်မယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအတွက် လူထု စစ်ဆေးပွဲများ ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) အတွက် လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားတဲ့ စဉ့်ဆိုင် အုပ်စု အတွင်းမှာ ရှိတဲ့ ကျေးရွာ တွေမှာ လူထု စစ်ဆေးပွဲတွေကို ဇူလိုင်လ ၈ ရက်နေ့ကနေ ၂၀ ရက်နေ့ အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

လူထု စစ်ဆေးပွဲတွေကို စဉ့် ဆိုင် ကျေးရွာ အုပ်စုအတွင်းမှာ ရှိတဲ့ ကွန်ကရစ်လမ်း လုပ်ငန်း ဆောင်ရွက်ပြီးစီးသွားတဲ့ ပုံးလောင်း ကျေးရွာ၊ ကွန်ကရစ် တံတား လုပ်ငန်းဆောင်ရွက် ပြီးစီးသွားတဲ့ မိုင်းယွန်း အနောက်ကျေးရွာ၊ ခန်းမဆောင် လုပ်ငန်း‌ဆောင်ရွက် ပြီးစီးသွားတဲ့ နားသဲ (တောင်) ကျေးရွာ၊ ကျောက်ချောလမ်း လုပ်ငန်း ဆောင်ရွက်ပြီးစီးသွားတဲ့ နားသဲ (မြောက်) ကျေးရွာနဲ့ လျှပ်စစ်မီး သွယ်တန်းရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးသွားတဲ့ ဝမ်မကာ ကျေးရွာတို့မှာ ဆောင်ရွက်ခဲ့တာပါ။

အခု ဒုတိယနှစ် စက်ဝန်းမှာ စဉ့် ဆိုင် ကျေးရွာ အုပ်စုဟာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ သိန်း ၃၅၀ နဲ့ ကျေးရွာပေါင်း ၆ ရွာနဲ့ လုပ်ငန်းခွဲပေါင်း ၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးပြီလို့ သိရပါတယ်။

သတင်း - ဉာဏ်လင်း

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank