လှိုင်းဘွဲမြို့နယ် ရွှေအိပ်ကျေးရွာ၌ ကျေးရွာခန်းမဆောင်ရာနှုန်းပြည့် တည်ဆောက်ပြီးစီး

လှိုင်းဘွဲ သြဂုတ် ၂၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့နယ်ခွဲ တာကရားကျေးရွာအုပ်စု ရွှေအိပ်(ထီးဝါးခို)ကျေးရွာ ကျေးရွာခန်းမဆောင် ရာနှုန်းပြည့်ပြီးစီပြီးဖြစ်ကြောင်း သိရှိရသည်။

လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၁၆,၂၀၀,၀၀၀) ကျပ်ဖြင့် ကျေးရွာခန်းမဆောင် (၅၀ ပေ x ၂၅ ပေ x ၁၂ ပေ) ကို ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖာ်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာခန်းမဆောင်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးတို့မှ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ ပြည်နယ်အင်ဂျင်နီယာအကြံပေးနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information