ညောင်တုန်းမြို့နယ်အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ညောင်တုန်း ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများသို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ညောင်တုန်းမြို့နယ် ကျေး/လက် ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော မြမ္မာပြာသာ ကျေးရွာအုပ်စု၊ ရွာသာညွှန့်ကျေးရွာလမ်း အရှည် ၄၅၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မြေသားဘောင်ခတ် သဲခင်းခြင်းလုပ်ငန်းနှင့် ကျိန်ချောင်းကျေးရွာအုပ်စု၊ ထော်ကလို့ကျေးရွာ လမ်း အရှည် ၅၉၀ ပေ၊ အကျယ် ၇ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ် ကာလတွင်း အချိန်မီပြီးစီးရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဝဠာနိုင် (ညောင်တုန်း)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/6674