ကျောက်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းခွဲပေါင်း ၂၅ ခု ဆောင်ရွက်ပြီးစီး

Some 25 Sub-project Activities under Cash for Work Project in Kyaukkyi Completed

Bago, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းကို ကျောက်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယခု အခါ စီမံကိန်း လုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်တာကြောင့် လုပ်ငန်းများအား ရေရှည်တည်တံ့စေရန် ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းများကို ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးနဲ့ ဝန်ထမ်းများမှ စီမံကိန်း ကျေးရွာများရှိ ကျေးရွာ ကော်မတီဝင် များနဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကျောက်ကြီး မြို့နယ် အတွင်း Cash for Work စီမံကိန်းကို ကျေးရွာ ၈ ရွာမှာ လမ်းပြုပြင်ခြင်း၊ ကျန်းမာသန့်ရှင်း ရေး လုပ်ငန်း ပညာရေးဆိုင်ရာ အဆောက်အဦး ပြုပြင် မွမ်းမံခြင်းနဲ့ အခြား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း စုစုပေါင်း လုပ်ငန်းခွဲပေါင်း ၂၅ ခုကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

သတင်း- ဝင်းညီညီလတ် (CSAG)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage