Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

နိုင်ငံတော် အစိုးရရဲ့ ၂၀၁၀-၂၀၂၀ ဘဏ္ဍာရေးနှစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ဖို့အတွက် Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ မတည် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတစ်ပင် မြို့နယ်ရှိ ကျေးရွာ ၁၆ ရွာတို့မှာ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ်ရှိ ဆင်ကူးကျေးရွာနဲ့ ကူးကာကျေးရွာတို့မှာ လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အလားတူ အဆိုပါ စီမံကိန်းများအရ ကချင်ပြည်နယ် ပူတာအိုမြို့မှာလည်း ဩဂုတ်လ ၁၅ ရက်နေ့က ရေနုတ်မြောင်း တူးခြင်းကို လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူ မြို့နယ် မိုက်ပင်ကုန်းကျေးရွာမှာလည်း ကျေးရွာအတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နယ် ပေါင်းနွယ်စွမ်းအုပ်စု စမ်းရွာ ကျေးရွာမှာ မြေထိန်း နံရံကာရန်ခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တာဝန်ရှိသူများက ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့နယ်ရှိ တောင်သူများအား ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ မိုးစပါး မျိုးစေ့ထုတ် အရည်အသွေးကောင်းမျိုး ၁၁၅ ဧကနဲ့ အထွက်ကောင်းမျိုး ၁၅ ဧက စုစုပေါင်း ဧက ၂၃၀ စိုက်ပျိုးလျက် ရှိပြီးတော့ အရည်အသွေးကောင်းမျိုး တစ်ဧကလျှင် ၁၀,၅၀၀ ကျပ်၊ အထွက်ကောင်းမျိုး တစ်ဧကလျှင် ၈၅၀၀ ကျပ် နဲ့ စိုက်ပျိုးစရိတ်အဖြစ် တစ်ဧကကို ၇၅၀၀၀ ကျပ်၊ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - တိုင်းဒေသကြီး/ ပြည်နယ် (ပြန်/ဆက်)

MRTV Media Coverage

#CERP, #CFW, #DRD, #MOALI

https://www.mrtv.gov.mm/mm/news-85032