အိမ်မဲမြို့နယ်၌ Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများဖွဲ့စည်း

အိမ်မဲ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်း Cash for Work စီမံကိန်းကျေးရွာ (၁၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့က ကညင်ချောင်းကျေးရွာ၊ ကွင်းဘော ကျေးရွာနှင့် အိုင်ကောက်ကျေးရွာများတွင် Covid Economic Relief Plan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"အိမ်မဲမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက် ဒေသများရှိ ပြည်သူများဝင်ငွေရရှိစေရန် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်များဖြင့် Cash for Work စီမံကိန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့ခိုင်သန်းထံမှ သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)

#CERP

#CFW

#DRD

#MOALI

 

https://www.moi.gov.mm/iprd/?q=news/%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/10/07/2020/id-23536