ဖောင်းပြင်မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်း ဒေသကြီး ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ Cash for Work စီမံကိန်းနဲ့ ကျေးရွာ ၆ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ရွာတန်းရှည် ကျေးရွာနဲ့ တုံကောင်မူ ကျေးရွာတို့မှာ ကျေးရွာတွင်း လမ်းများ ကျောက်ရောမြေ ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လက်ထောက်ညွှန်ကြားရေးမှုး ဦးဝမ်တန်ဟုမ်းနဲ့ ဒုတိယ ဦးစီးမှူး ဦးရဲဇော်ရှိန်းတို့က စက်တင်ဘာလ ၄ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ပြီးတော့ လိုအပ် သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရပါတယ်။

ထိုကဲ့သို့ စစ်ဆေး ဆောင်ရွက်ရာမှာ ရွာတန်းရှည် ကျေးရွာမှာ အလျားပေ ၃၁၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ရှိတဲ့ ကျောက်ရောမြေ ခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ တုံကောင်မူ ကျေးရွာမှာ အလျားပေ ၁၁,၀၀၀၊ အကျယ် ၁ ပေခွဲ၊ အမြင့် ၁ ပေခွဲ ရှိတဲ့ ကျေးရွာတွင်း ရေနုတ်မြောင်း အလျား ပေ ၁၅၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ရှိတဲ့ ကျေးရွာတွင်း ကျောက်ရောမြေ ခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အရည်အသွေး စံချိန် စံညွှန်းနဲ့ ပြည့်မီ ရေး စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

သတင်း - မြင့်ထွန်း (ဖောင်းပြင်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage