ပင်လည်ဘူးမြို့နယ်၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော Cash for Work စီမံကိန်း လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီး

ပင်လည်ဘူး ဩဂုတ် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CERP အစီအစဉ်ဖြင့် တစ်ရွာလျင် ငွေကျပ်သိန်း ၁၀၀ ဖြင့် ဆောင်ရွက် နေသော (Cash for Work) စီမံကိန်း လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်ထံမှ သိရသည်။

 

ပင်လည်ဘူး မြို့နယ်တွင် (Cash for Work) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးရွာ များမှာ တံတားကိုင်း ကျေးရွာ၊ အလယ်စုကျေးရွာ၊ ဟန်ဖဲကျေးရွာ၊ သာစည်ကျေးရွာ၊ ဝါးရုံသာ ကျေးရွာနှင့် ဥသျှစ်ကုန်း ကျေးရွာတို့ဖြစ်ပြီး တံတားကိုင်း ကျေးရွာနှင့်အလယ်စု ကျေးရွာတွင် ရွာတွင်းလမ်း များ ဂျင်းမြေခင်းခြင်း၊ ဟန်ဖဲ ကျေးရွာတွင် ရွာတွင်းလမ်းဘေး ရေနှုတ်မြောင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ ရေကန် တည်ဆောက်ခြင်းနှင့် ပိုက်လိုင်း သွယ်တန်းခြင်း၊ သာစည် ကျေးရွာတွင် ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းနှင့် ရေနှုတ်မြောင်း တူးဖော်ခြင်း၊ ဝါးရုံသာ ကျေးရွာတွင် ကျေးရွာ ဘောလုံးကွင်း တည်ဆောက်ခြင်း၊ ဥသျှစ်ကုန်း ကျေးရွာတွင် ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းနှင့် ရေနှုတ်မြောင်း တူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်း များကို ဩဂုတ်လကုန်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး (Cash for Work) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် နေမှုမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ လုပ်ငန်းများ အချိန်မှီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန် စံညွှန်းကိုက်ညီရေးတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)

https://www.moi.gov.mm/iprd/news/4629