မဘိမ်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီး

Cash for Work Project Activities in Mabein Completed 100 Percent

Shan, 25 September 2020, Ministry of Information

မဘိမ်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)ဖြင့် (Cash for Work) စီမံကိန်း လုပ်ငန်းများကို ကျေး ရွာ(၆)ရွာတွင် ယမန်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများနှင့် လုပ်ငန်းခွဲ အမျိုးအစားများမှာ သားပျောက် ကျေးရွာ၊ မအူကုန်း ကျေးရွာ၊ မာနားလေး ကျေးရွာ၊ သင်္ဘောဆုံး ကျေးရွာ၊ ကြံနှမ်းမှော် ကျေးရွာနှင့် နှောင်းပါတိတ် ကျေးရွာ စသည့်ကျေးရွာ (၆)ရွာတို့တွင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၆၀၀)ဖြင့် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း (၁)ခု၊ ကျောက်ရောမြေ ခင်းခြင်း လုပ်ငန်း (၃)ခု၊ သစ်သားတံတား ပြုပြင်ခြင်း လုပ်ငန်း (၁)ခု၊ ရေပြွန်တံတား တည်ဆောက်ခြင်း လုပ်ငန်း (၃)ခု၊ ရေနှုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း (၆)ခု၊ အုတ်ရေနှုတ်မြောင်း ပြုလုပ်ခြင်းလုပ်ငန်း (၁)ခု၊ စုစုပေါင်း လုပ်ငန်းခွဲ (၁၅)ခုတို့ကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ပါသည်။

(Cash for Work) စီမံကိန်း လုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာ(၆)ရွာတို့မှ အိမ်ထောင်စု(၄၃၀)စု၊ လူဦးရေ ၂၀၁၃ ဦးခန့်တို့အတွက် အကျိုးပြု လျက်ရှိပြီး ကိုဗစ်-၁၉ ကာလတွင် စီမံကိန်း ကျေးရွာနေ ပြည်သူများမှာ လည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများ ရရှိသည့်အပြင် ကျေးရွာများအတွင်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများမှာလည်း အောင်မြင်ပြီး ကျေးရွာ ဖွံ့ဖြိုးတိုးတက်မ ှုရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦး က ပြောသည်။

မျိုးမင်း (ပြန်/ဆက်)

ရှမ်းပြည်နယ်

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12938