ပန်းတောင်း မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းမျာကို ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပန်းတောင်း မြို့နယ်မှာ Cash for Work စီမံကိန်းနဲ့ လုပ်ငန်းခွဲ ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး နဲ့အဖွဲ့က ယခုလ နောက်ဆုံးပတ်က ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

ရှေးဦးစွာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော် ၊ စီမံကိန်း တာဝန်ခံ ဒေါ်မေသူစိုးနဲ့ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများနဲ့ ပတ်သတ်ပြီး ရှင်းလင်း တင်ပြကြပြကြပါတယ်။

အဲဒီနောက် ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက ရေကျော် ကျေးရွာအုပ်စု ရေကျော် ကျေးရွာ၊ ကျောင်းဦး ကျေးရွာ အုပ်စု သံလယ်ကြီး ကျေးရွာ နဲ့ ညောင်ပင် ကျေးရွာအုပ်စု တောမ (အလယ်) ကျေးရွာတို့မှာ ရွားတွင်းလမ်း ချောင်းကျောက် ခင်းခြင်း၊ လမ်းဘေး ဝဲယာ ရေမြောင်းတူးခြင်းနဲ့ ရေလမ်းကြောင်း ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း အခြေအနေများကို ကွင်းဆင်း တိုင်းတာ စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနဲ့ စပ်လျဉ်းပြီး၊ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage