စေတုတ္တရာမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကျေးရွာမြေသားရေကန် ပြုပြင် လုပ်ငန်းအား ကွင်းဆင်စစ်ဆေး

စေတုတ္တရာ ဩဂုတ် ၁၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေမည့် Cash For Work စီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပေါက်ချောင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် မြေသားရေကန်ပြုပြင်ခြင်း လုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်း များသည် ပေါက်ချောင်းကျေးရွာရှိ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ ၍ Cash For Work စီမံကိန်းဖြင့် အလျား(၁၂၀)ပေ၊ အနံ (၁၀၀) ပေ၊ အနက်(၄)ပေရှိသော ကျေးရွာမြေသားရေကန် ပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးကာ ကျေးရွာကော်မတီ အဖွဲ့ဝင်များ အား သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီးနောက် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ရာတွင် အများပြည်သူများအတွက် ပွင့်လင်းမြင်သာမှုရှိ အောင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ အကျိုးဆက်ခံ ရသော ကျေးလက် ဒေသများရှိ ပြည်သူများ၏ ကျေးရွာများတွင်ကုန်ထုတ်လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးလက် ဒေသများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်လျက် Cash For Work စီမံကိန်းအနေဖြင့် ကျေးရွာ(၈) ရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း(၅)ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း(၆)ခု၊ မြေသား ရေကန် ပြုပြင်ခြင်းလုပ်ငန်း(၂)ခုနှင့် ရေကာတန်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊စုစုပေါင်း စီမံကိန်း လုပ်ငန်း(၁၄)ခုတို့အား ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း (၁၀၀)စီထောက်ပံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်း ထံမှ သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3498