မင်းလှမြို့နယ်တွင် Cash for Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

မင်းလှ (အောက်) ဩဂုတ် ၁၄

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် ဆောင်ရွက် လျက်ရှိ သော သဲကောအုပ်စု၊ သဲကောကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ကြည့်ရှု စစ်ဆေး ခဲ့သည်။

အဆိုပါ ကြည့်ရှု့ စစ်ဆေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်း၊ တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ က အရှည် (၃၉၀၀)ပေရှိ ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူး‌ဖော်ခြင်း လုပ်ငန်း ၉၀ ရာခိုင်နူန်း ဆောင်ရွက်ပြီး စီးမှုအခြေအနေအားကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ ကျေးရွာကော် မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ Cash For Work စီမံကိန်း ညွှန်ကြားချက်များနှင့်အညီ စီမံကိန်းရန်ပုံငွေ ၆၀ ရာခိုင်နူန်းကို လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာသူ ကျေးရွာသားများ လုပ်အားခ ပြည့်ပြည့်ဝဝ ရရှိရေးအလေးထားဆောင်ရွက်ရန်၊ လုပ်ငန်း ရေရှည် တည်တံစေ‌‌ရေးအတွက် ကျေးရွာမှ စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်‌ရန်လမ်းညွှန်မှာကြားခဲ့သည်။

မင်းလှမြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် Cash For Work စီမံကိန်းကျေးရွာ (၉) ရွာ ဆောင်ရွက်လျက် ရှိကြောင်း၊ စီမံကိန်း လုပ်ငန်းများကို ဩဂုတ်လ အတွင်းပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4474\