ရှားတော မြို့နယ်မှာ Cash for Work နဲ့ ဆောင်ရွက်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ၁၀၀ ရာခိုင်နှုန်း ပြီးစီး

Rural Development Activities under Cash for Work Project in Shadaw Completed 100 Percent

Kayah, SkyNet Media Coverage

ကယားပြည်နယ် လွိုင်ကော် ခရိုင် ရှားတော မြို့နယ်မှာ Covid-19 Economic Relief Plan (CERP) အရ ပွန်ချောင်း၊ ဒေါဝယ်ရော၊ တေလဲ၊ ဒေါလဲဒူ၊ မြောက်ရွာ၊ စလောင်းနဲ့ ပန်လို ကျေးရွာတွေမှာ CFW နဲ့ ဆောင်ရွက်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှုတွေကို စက်တင်ဘာလ ၁၆ ရက်နေ့က ရှားတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထွေးအောင်၊ တာဝန်ခံ အင်ဂျင်နီယာ ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ သတ်မှတ် စံချိန် စံနှုန်းတွေ အတိုင်း ဆောင်ရွက်ထားတာ ရှိမရှိကို ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

အဲဒီ ကျေးရွာတွေမှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာ အကူအညီ CFW စီမံကိန်း ပံ့ပိုး ရန်ပုံငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာ လူထု ကိုယ်တိုင် ဆောင်ရွက်စေပြီး၊ လုပ်အားခ ၆၀ ရာခိုင်နှုန်းနဲ့ ပစ္စည်းခ ၄၀ ရာခိုင်နှုန်း နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage