ခိုလမ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်တစ်ရပ်ဖြစ်သည့် Cash for Work စီမံကိန်းကျေးရွာများရွေးချယ်

ခိုလမ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စု ၊ ဝမ်မိုင်ကျေးရွာ၌ နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံချက်/ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) များ ပြုလုပ် လျက်ရှိရာ နမ့်စန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ပြုလုပ်ခဲ့သည်။

စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းများကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံနှင့် နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုး၀င်းနှင့် ၀န်ထမ်းများ လိုက်ပါ၍ စီမံကိန်းမိတ်ဆက်ရှင်းလင်းပြီး VRFP ကော်မတီများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၀မ်မိုင်ကျေးရွာ မှ ရွာသူရွာသားများ၏ သဘောဆန္ဒဖြင့် စုပေါင်းရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်လေးဝင်း (ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/12/07/2020/id-23589