ပင်းတယမြို့၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) နှင့် Cash For Work စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပင်းတယ ဇူလိုင် ၂၈

ရှမ်းပြည် (တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash For Work (CFW) စီမံကိန်း နှင့် Village Revolving Fund Project စီမံကိန်းကျေးရွာများအား စီမံကိန်းတာဝန် နှင့် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း က အမှာ စကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်လွင်လွင်ဦး မှ Cash For Work (CFW) စီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ(VRFP) စီမံ ကိန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။

ယင်းနောက် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က စီမံကိန်း ကျေးရွာများ သို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာ စီမံ ကိန်းဝင်ကျေးရွာကော်မတီဥက္ကဋ္ဌများ က လက်ခံ ရယူခဲ့ကြသည်။

ပင်းတယမြို့နယ်တွင် Cash For Work (CFW) နှင့်ကျေးရွာမတည်ရန်ပုံငွေ (VFRP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာပေါင်း ( ၉ ) ရွာတို့ကို ရွေးချယ်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)

https://www.moi.gov.mm/iprd/?q=news/%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/28/07/2020/id-25450