Cash for Work စီမံကိန်းဖြင့် ပေါက်မြို့နယ် ဆယ်ပင်းကျေးရွာ မြေသား ရေလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း ဆောင်ရွက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး

Cash for Work စီမံကိန်းနဲ့ ကျေးရွာမြေသား ရေလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း လုပ်ငန်း အကောင် အထည် ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပေါက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးမှ သိရပါတယ်။

ပေါက်မြို့နယ်မှာ အကောင်အထည်ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းကိုကျေး ရွာပေါင်း ၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရပါတယ်။

အဆိုပါ ဆယ်ပင်းကျေးရွာမှာ ကျေးရွာမြေသား ရေလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဆယ်ပင်းကျေးရွာရှိ အိမ်ခြေ ၁၇၉ အိမ် ၊ လူဦးရေ ၉၅၃ ဦးအား ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲသွားနိုင်မှာ ဖြစ်ကြောင်း ပေါက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဒုတိယ မြို့ နယ်ဦးစီးမှူး ဒေါ် အိသူဇာဝင်းထံမှ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage