ပူတာအိုမြို့နယ်၌ Cash for Work စီမံကိန်းကျေးရွာတွင် ဆောင်ရွက်မည့်လုပ်ငန်းများအား အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပူတာအို ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် Cash for Work စီမံကိန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီမှ အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းသည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က Cash for Work စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအား လုပ်ငန်းထပ်မှု မဖြစ်စေရန် အခြားဌာနများ၏ လျာထားချက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားရန်လိုအပ်ကြောင်း ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ကျေးရွာငါးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း(၅)ခုအား တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ စိစစ်အကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

အဆိုပါ Cash for Work စီမံကိန်းဖြင့် ပမ္မတီးအုပ်စု နမ်ရှယ်ဇွပ်ကျေးရွာတွင် ကျောင်းခြံစည်းရိုး ကာရံခြင်း၊ မန်စေအုပ်စု မန်ပန်ကျေးရွာတွင် ကျေးရွာတွင်း ရေနူတ်မြောင်း ပြုပြင်ခြင်းနှင့် ရေပြွန် (၁၁) ခုပြုလုပ်ခြင်း၊ မန်စေအုပ်စု ဖန်ခိုင်(၁)ကျေးရွာတွင် ကျေးရွာတွင်းရေနူတ်မြောင်း ပြုပြင်ခြင်း၊ မန်စေခွန် အုပ်စု ဆထီလော်(၂)ကျေးရွာတွင် စားကျက်မြေခြံစည်းရိုးကာရံခြင်း၊ ဆထီလော် (၃) ကျေးရွာတွင် ရွာတွင်းသဲကျောက်လမ်းပြုပြင်ခြင်း နှင့်ရေပြွန်(၁)ခု ပြုလုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်ရွေးချယ်ထားပြီး ယင်းလုပ်ငန်းများသည် ဌာနမှဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် လျာထား သည့် လုပ်ငန်းများနှင့်လုပ်ငန်းများ ထပ်ခြင်းမရှိပါသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အတည်ပြုခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/24/07/2020/id-24924