ဝန်းသိုမြို့နယ် မော်နိုင်းကျေးရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

ဝန်းသို ဩဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မော်နိုင်းကျေးရွာတွင် Cash For Work စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ဖြင့် ရွာတွင်းလမ်းများ ရေနှုတ်မြောင်းတူးဖော်ခြင်းနှင့် လမ်းအရှည် ၂၆၂ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

"ကျနော်တို့ရွာနဲ့ မလှမ်းမကမ်းမှာ ရှေးဟောင်းအမွေအနှစ်၊ ရှေးဟောင်းစေတီပုထိုးတော်တွေ တည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းရှိပါတယ်၊ ကျေးရွာပြည်သူများ ဘုရားသွားကျောင်းတက်၊ သာရေးနာရေး၊ ရာသီအလိုက် အလှူအတန်းပွဲတွေကို ဘုန်းကြီး‌ကျောင်းမှာပဲ လုပ်ကြတယ်၊ အဲ့ဒီဘုန်းတော်ကြီးကျောင်းကို သွားဖို့ ရွာနဲ့ကျောင်းကြားမှာ ရွံ့ဗွက်တွေနဲ့ဆိုတော့ သွားလို့လာလို့ အဆင်မပြေဖြစ်နေကြရပါတယ်၊ အခု Cash For Work စီမံကိန်းနဲ့ ဒီလမ်းလေးကို ကွန်ကရစ်လမ်းခင်းနေပါပြီ၊ ကျေးရွာပြည်သူများအတွက်လဲ နေ့စားလုပ်ခလေးတွေ ရကြလို့အဆင်ပြေပါတယ်၊ ဒီလမ်းပြီးသွားရင်တော့ ဆရာတော်ရဲ့ဆန္ဒ၊ ရွာသူ/ ရွာသားတွေရဲ့ဆန္ဒတွေပြည့်သွာပြီဖြစ်လို့ အလွန် ဝမ်းမြောက်မိပါတယ် " ဟု ကျေးရွာကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးဝင်းဖေက ပြောသည်။

 

ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေမိသားစုများဝင် ငွေလျော့နည်းလာမှုများနှင့် စားဝတ်နေရေးအခက်အခဲများကို ‌ကုစားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Cash For Work စီမံကိန်း တစ်ရွာလျှင်ထောက်ပံ့ငွေကျပ် သိန်း ၁၀၀စီဖြင့် Labour Intensive စနစ်အသုံးပြုကာ ကျေးရွာပေါင်း ၆ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3345