နတ်မောက်မြို့နယ် ကျေးရွာပေါင်း ၁၂ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Cash for Work Activities in 12 Villages of Natmauk Completed

Magway, SkyNet Media Coverage

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နတ်မောက်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၁၂ ရွာမှာ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အတွက်ကြောင့် အိမ်ထောင်စု ၂၀၀၀ ကျော်မှာ ရှိတဲ့ ကျေးလက်နေ ပြည်သူတွေ အလုပ်အကိုင် ရရှိ ခဲ့တယ် လို့ သိရပါတယ်။

အဲဒီ စီမံကိန်းကို နတ်မောက်မြို့နယ် ပိတောက်ငုတ်(ရွာကြီး) ကျေးရွာ၊ အိုင်မ ကျေးရွာ၊ ကျွန်းဖိုစမ်း ကျေးရွာ၊ ရွာသာလေး ကျေးရွာနဲ့ သီးချောင်း ကျေးရွာတွေမှာ ကျေးရွာတွင်း မြေသားလမ်းခင်းခြင်း လုပ်ငန်း၊ ကျောင်းကုန်း ကျေးရွာ၊ ဝါးရုံကုန်း ကျေးရွာ၊ ချောင်းနက်ကျေးရွာ၊ လယ်ပြင်ကန် ကျေးရွာ၊ ကြက်သောက်ကွင်း ကျေးရွာ၊ ညိုသုမြောင် ကျေးရွာနဲ့ အကျီးချို ကျေးရွာတွေမှာ မြေသားရေကန် တိုးချဲ့ ပြုပြင်ခြင်း လုပ်ငန်းတွေကို မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးလက်နေ ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်း ပါဝင် ဆောင်ရွက်တဲ့ အတွက်ကြောင့် ဇူလိုင်လ စတုတ္ထပတ်ကနေ စတင်ပြီးတော့

အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ အခုအခါမှာ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

သတင်း - ဇော်မင်းဌေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/uXzwJyD1dBw