မိုးကုတ်မြို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ CFW စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်

မိုးကုတ် ဇူလိုင် ၂၄

မိုးကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ CFW စီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပိန်းပြစ်ကျေးရွာအုပ်စု (၇) မိုင် ဂေါ်ရခါးရွာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းကြီးကြပ်ခဲ့သည်။

အဆိုပါကျေးရွာတွင် CFW စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဘောလုံးကွင်းမြေသားပြုပြင်ခြင်း၊ မြေသားလမ်းပြုပြင်ခြင်းနှင့် လမ်ချဲ့မြေဖြိုခြင်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဖြိုးမမ(မိုးကုတ်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/24/07/2020/id-24905